အိမ်ခြံမြေ

ဟံသာဝတီလေဆိပ်ပရောဂျက် ရပ်နားထားတာကြောင့် စီမံကိန်း အ နီးဝန်းကျင်ရှိ အိမ်ခြံမြေဈေးတွေ ကျဆင်းလာတယ်လို့ သိရပါတယ်။
”ကိုရီးယားနဲ့ ခေတ္တရပ်ဆိုင်းပြီး စင်ကာပူနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်ဆို တာတွေကြောင့် အိမ်ခြံမြေဈေးတွေက တဖြည်းဖြည်းကျဆင်းလာတာ”လို့ မြန်မာ့ ရတနာမြေအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ အမ်ဒီ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။

 မြန်မာနိုင်ငံရဲ့အိမ်ခြံမြေ လုပ်ငန်းတွေဟာ အာရှဈေးကွက်မှာ ဦး ဆောင်နိုင်တဲ့အခြေအနေမှာရှိနေပေမဲ့ အမှန်တကယ်ဦးဆောင်နိုင်ဖို့ကတော့ အစိုးရ ရဲ့မူဝါ ဒအပေါ်မှာ မူတည်နေတယ်လို့ အိမ် ခြံမြေ လုပ်ငန်းကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။
ကောင်းကောင်း (၂) အိမ်ခြံမြေအကျိုး ဆောင်မှ ဦးအောင်မိုးကျော်က ”အရှေ့ တောင်အာရှအဖွဲ့တွေရော၊ နိုင်ငံတကာက အဖွဲ့တွေရော အိမ်ခြံမြေကို စိတ်ဝင်စား တော့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့ လုပ်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်၊ အစိုး ရအနေနဲ့ သေချာတဲ့မူတွေ ချမှတ်ပေးရ မယ်၊ ဈေးကွက်တွေဖော်ထုတ်ပေးရမယ်၊ ပညာရှင်တွေရော အစိုးရရော စုပြီးလုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်တယ်”လို့ ပြောပါ တယ်။

နေပြည်တော်၊ မတ် ၂၈ - နေပြည်တော်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် ချေးငွေထုတ်ချေးပေးဖို့ အဆင်သင့် ဖြစ်နေပေမဲ့ အိမ်ရာဝယ်ယူမယ့် စီမံကိန်း တွေအတွက်တော့ အချိန်ယူပြင်ဆင်စရာ တွေ ရှိနေသေးတယ်လို့ သိရပါတယ်။

လှည်းတန်း၊ ကမာရွတ်မြို့ နယ်ဘက်က ကန်ထရိုက်တိုက်ခန်းတချို့ အငှားစပေါ်ငွေ အနည်းဆုံး ကျပ်သိန်း ၃၀ အထိ တိုးတောင်းလာကြတယ်လို့ သိရပါ တယ်။
“ပေ ၂၀ ¥ ပေ ၄၀ ကန်ထရိုက်တိုက်ခန်းတောင် စပေါ်ငွေ သိန်း ၃၀ ကနေ သိန်း ၅၀ အထိ တောင်းလာကြတာ၊ အိမ်လခ လျှော့လားဆိုတော့လဲ ၆၀,ဝ၀ဝ ၊ ၇၀,ဝ၀ဝ က အနည်းဆုံးပဲ၊ ဒီဘက်တွေမှာ အငှားများလာတော့ အရမ်းဈေးခေါ်လာတာ”လို့ ကံပွင့် အိမ်ခြံမြေအကျိုးဆောင်မှ မန်နေဂျာ ဒေါ်နွယ်နွယ်စိုးက ပြောပါတယ်။

လမ်းမတော်၊ ဗိုလ်တ ထောင်မြို့နယ်တွေမှာ အထပ်မြင့်ကို ၃၅ ထပ်ခန့် ပေးဖို့  လျာထားတယ်လို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံ ခန့် ခွဲမှုဌာနမှ  ဒုတိယဌာနမှူး ဦးတိုးအောင်က “ရန်ကုန်မြို့ရဲ့ဒေါင်းတောင်းနေရာထဲမှာ အထပ်မြင့်  ပေးဖို့ရှိတယ်၊ 

Pages